စာရေးသားခြင်းသည် မိမိ သိထား၊ မှတ်ထား၊ စဉ်းစားထားသည့် အရာများကို အခြားသူများအား မျှဝေနိုင်သည့် အကောင်းဆုံး အရာတစ်ခု ဖြစ်သည်။
အောင်သူဟိန်း (၂၀၁၉)
ဤနေရာတွင် ကျွန်တော် ယခင်က ရေးသားထားဖူးသည့် စာတိုလေးများကို စုစည်းတင်ပြထားပါသည်။ ထိုစာများတွင် ကိုယ့်အလုပ်နှင့် ပတ်သက်ပြီး ရေးထားသည့်စာများ၊ နိုင်ငံရေးဆိုင်ရာ အတွေ့အကြုံ ခံယူချက်များနှင့် ပတ်သက်သည့် စာများ၊ ဝါသနာပါသည့် အကြောင်းအရာများနှင့် ပတ်သက်သည့် စာများ ပါဝင်ပါသည်။
တရားဥပဒေစိုးမိုးရေး၏ ကွဲပြားသော သွင်ပြင်များကို သိမြင်နားလည်ခြင်း
တရားဥပဒေစိုးမိုးရေးဆိုသည့် စကားလုံးအတွက် အများလက်ခံထားသည့် တစ်ခုတည်းသော အဓိပ္ပါယ် ဖွင့်ဆိုချက် မရှိဘဲ ကျွမ်းကျင်သူများနှင့် ပညာရှင်များအကြားတွင်ပင် ယင်း၏ အခြေခံစံနှုန်းများအပေါ် မတူညီသည့် ရှုထောင့်များရှိကြသည်။
ဆိုင်ဘာလုံခြုံရေး အရေးကြီးပါသည်
ဆိုင်ဘာလုံခြုံရေးဟုဆိုရာတွင် အဓိက နှစ်ဖက်ရှိသည်။ ဝန်ဆောင်မှုပေးသူများနှင့် သုံးစွဲသူများ ဟူ၍ ဖြစ်သည်။ ဝန်ဆောင်မှုပေးသူများတွင် အွန်လိုင်းနယ်ပယ်ကို ကြပ်မတ်ကွပ်ကဲနေသော အဖွဲ့အစည်းများ၊ နည်းပညာ ကုမ္ပဏီများ၊ အင်တာနက် ကုမ္ပဏီများ၊ ဒီဂျစ်တယ်လုံခြုံရေးပေးသော အဖွဲ့အစည်းများ ပါဝင်သည်။
Why is Yangon New Transport System still facing problems?
Initially, people saw this effort as a ray of hope to ease their day-to-day transport problem and the plan received significant public support. However, the launch day saw a number of problems and inconvenient which made the people confused and left stranded on the road for a long time.
Understanding more on the meaning of “Fake News”
While some fake information was spread around on offline and online media accidentally or without any malicious intention, some were intentionally inserted or circulated to achieve a certain result.
ရွှေဝါရောင် မှတ်တမ်းလေးတစ်ခု
ထမင်းစားပြီး ဆူးလေဖက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ဆူးလေနားမှာ ချိန်းထားတဲ့ သူငယ်ချင်း တချို့နဲ့တွေ့တယ်။ စကားနည်းနည်းပါးပါးပြောပြီးတော့ သံဃာတော်တွေ စုဝေးနေတဲ့ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်ကို သွားကြတယ်။ အဲဒီအချိန်မှာ မြို့တော် ခန်းမဘေး (အခု ၃၆ ဘတ်စ်ကားမှတ်တိုင်တွေ ရှိတဲ့ လမ်းလေး) မှာ အကာအရံတွေ ချထားပြီး စစ်သားတွေကို ချထားတာ တွေ့တယ်။
ဇာတ်ကောင်ရုပ် (Figure) စုဆောင်းခြင်း ဝါသနာ
ကမ္ဘာပေါ်တွင် လူအမျိုးမျိုး အဖုံဖုံ ကွဲပြားကြသော်လည်း လူတိုင်းတွင် အနည်းဆုံး ဝါသနာတစ်ခုစီ ရှိသည်ကတော့ တူညီလေ့ရှိကြသည်။ ဝါသနာဟုဆိုရာတွင် လူတစ်ဦး၏ စားဝတ်နေရေးနှင့် သော်လည်းကောင်း၊ ဘဝတိုးတက်ရေးနှင့် သော်လည်းကောင်း၊ အနာဂတ်ရည်မှန်းချက်နှင့် သော်လည်းကောင်း တိုက်ရိုက်သက်ဆိုင်ခြင်း မရှိဘဲ မိမိ၏ စိတ်အပန်းပြေရန် (သို့) စိတ်ပျော်ရွှင်ရန် ပြုလုပ်သော ကိစ္စရပ်များအားလုံး ပါဝင်သည်။
ဗီဒီယိုဂိမ်းစက်များ၏ သမိုင်းကြောင်း
ကမ္ဘာ့ပထမဆုံး ဂိမ်းစက်ဖြစ်သော Magnavox Odyssey ကို ဖြန့်ချီခဲ့သည့် ၁၉၇၂ မှ ရေတွက်ပါက ဗီဒီယိုဂိမ်းစက်များ၏ သက်တမ်းမှာ နှစ်ပေါင်း ၄၀ ပင် ကျော်ခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း မျိုးဆက်များအလိုက် ဂိမ်းစက်အမျိုးမျိုး ထွက်ရှိခဲ့ပြီး ယင်းတို့နှင့် ပတ်သက်၍ သတိရအောက်မေ့ဖွယ်ရာများ၊ လွမ်းမောဖွယ်ရာများ များစွာရှိခဲ့ပါသည်။
စာအုပ် အညွှန်း - 1001 Video Games You Must Play Before You Die
“သင်မသေခင် ကစားကြည့်သင့်သော ဗီဒီယိုဂိမ်းပေါင်း ၁၀၀၁ ခု” ဟူသောအမည်မှာ ကြားရရုံနှင့်ပင် စိတ်ဝင်စားစရာကောင်းလှသည်။ ထိုစာအုပ်ကို ၂၀၁၀ ခုနှစ်တွင် ပထမဆုံး ရိုက်နှိပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပိုမို၍ ပြည့်စုံတိကျစေရန် ပြန်လည် တည်းဖြတ်ထုတ်ဝေခဲ့သည်။
E3 ဆိုသည်မှာ
ဗီဒီယိုဂိမ်းနှင့် ပတ်သက်သည့် သတင်းများကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်လေ့ရှိသူများအနေနှင့် E3 ဆိုသည့် စကားလုံးနှင့် ရင်းနှီးမှု ရှိနေမည်ဟု ကျွန်တော့်အနေနှင့် ယူဆပါသည်။ နောက်ထွက်မည့်ဂိမ်းများ၊ ဂိမ်းနှင့် ပတ်သက်သည့် ပစ္စည်းများ၊ နည်းပညာများကို E3 တွင် ပြသမည်ဆိုသည့် အချက်ကိုလည်း ဖတ်ဖူး၊ မြင်ဖူး လိမ့်မည်ဟု ထင်ပါသည်။ ဗီဒီယိုဂိမ်းလောကတွင် နာမည်ကြီးသော E3 ကို အများစုမှာ ကြားဖူးသော်လည်း ဘာလဲဆိုတာကိုတော့ သေချာမသိကြပေ။
အသက်ဝင်လာသော အရုပ်ကလေးများ
အသက်ဝင်လာသော အရုပ် သဘောတရား (Toy-to-Life Concept) ဆိုသည့် စကားလုံးမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် Skylanders: Spyro’s Adventure ဂိမ်းကို Activision နှင့် Toys for Bob တို့ တွဲဖက် ဖြန့်ချီခဲ့သည့်အချိန်မှစ၍ ဂိမ်းလောကတွင် ထင်ရှားလာသည်။ ယင်းမှာ အပြင်တွင် လက်တွေ့မြင်ရ၊ ထိတွေ့ ကိုင်တွယ်၍ ရသော အရုပ်များကို ဂိမ်းထဲသို့ ခေါ်ဆောင်ပြီး ကစား၍ ရအောင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။
ကျွန်တော့်ဘဝထဲမှ ဗီဒီယိုဂိမ်း (၁)
ဗီဒီယိုဂိမ်းသည် လူတစ်ဦးအတွက် မည်မျှအရေးကြီးသနည်း။ အချို့က ဤမေးခွန်းသည် ဖြေရလောက်အောင်ပင် အဆင့်မရှိဟု ဆိုကြမည်၊ အချို့က လုံးဝအရေးမကြီးဟု ဖြေကြမည်၊ အချို့က အလွန်အရေးကြီးသည်ဟု ဖြေကြမည်။ စာဖတ်သူအတွက်ရော အဖြေမှာ မည်သို့ ဖြစ်မည်နည်း ………။
အမှတ်တရနေ့လေးတစ်နေ့
လွန်ခဲ့သည့်တစ်လခန့်က ညတစ်ညတွင် ကျွန်တော်သည် သိမ်ဖြူလမ်းပေါ်ရှိ စိန်ဂျွန်းမှတ်တိုင်အနီး ကားတစ်စီးပေါ်တွင် ရှိနေသည်။ ကျွန်တော်နှင့်အတူ အခြားသူငယ်ချင်းများလည်း ရှိနေကြသည်။ ကျွန်တော်တို့အားလုံးတွင် တူညီသော ရည်ရွယ်ချက်ဖြင့် ဤနေရာ၊ ဤအချိန်တွင် ရောက်နေကြခြင်းဖြစ်သည်။ စိတ်လှုပ်ရှားမှုကိုလည်း အားလုံး၏ မျက်နှာတွင် အထင်အရှား မြင်နေရသည်။ နောက်နေ့မိုးလင်းချိန်အထိ ဇွဲရှိရှိနှင့် စောင့်နေကြမည်မှာလည်း အတူတူပင်ဖြစ်သည်။ ထိုနေရာ တွင် အလင်းရောင်ကောင်းစွာမရှိဘဲ ခြင်လည်းအလွန်ကိုက်သည်။ ခြင်ရိုက်လိုက်၊ မှိန်းပြီးအိပ်ပျော်သွားလိုက်နှင့် ထိုတစ်ညကို ကုန်လွန်ခဲ့ရသည်။